#How to check story drift by using ETABS

#How to check story drift by using ETABS
Story drift ဆိုတာ certain level တစ်ခုနဲ့
သူအောက်က level နဲ့ ဘယ်လောက်ယိုင်သွား
သလဲ ဆိုတာကိုပြောတာပါ
မူလ position ကနေ ဘယ်လောက်ရွှေ့သွားသလဲ
ဆိုတာမျိုးတော့မဟုတ်ပါဘူး
Drift တွေကို check ဖို့အတွက်တော့
UBC97 မှာတော့ Dalta M =0.7R×Dalta S
ဆိုတဲ့ formula ကို အသုံးပြုထားပါတယ်
Dalta M ဆိုတာက Maximum inelastic respond
displacement ပါ
R ဆိုတာကတော့ Respond modification factorပါ
Dalta S ဆိုတာကတော့ elastic displacement ပါ
UBCကဖော်ပြထားတှဲ့Drift Limitation အနေနဲ့ ကတော့
ရရှိလာတဲ့
delta M တန်ဖိုးဟာ 0.02x story hheight ထက် မကျော်စေရပါဘူး
( building period is lessthan 0.7)
delta M တန်ဖိုးဟာ 0.025x story hheight ထက် မကျော်စေရပါဘူး
( building period is equal or greater than 0.7)
ကျနော်တို့ ETABS က ထုတ်ပေးတဲ့ drift x , drift y
ဆိုတာတွေက story drift ratio = Dalta S/story height ပါ
story height တန်ဖိုးက floor to floor height ကိုပြောပါ
base ကနေ အမြင့် မဟုတ်ပါဘူး
Drift x , Drift y တွေကို ETABS မှာဘယ်လိုသွားကြည့်မလဲဆိုရင်
Display > show table > ကနေ ပုံ (1)အတိုင်း Dispacement >
story drift ဆိုပြီး check လိုတဲ့ combination ကို ရွေးပြီး
ကြည့်လို့ရပါတယ်
story drift ratio (drift x , drift y ) တွေကိုရပြီဆိုရင်
အထက်ကပြောခဲ့တဲ့ formula ထဲမှာ ( Dalta M = 0.7R × Dalta S)
အစားသွင်းတွက်ချက်လို့ရပါပြီ
ဥပမာ X direction earthquake အတွက် check မယ်ဆိုရင်
Drift x = Dalta S / story height
Dalta S = Drift x × story height
Dalta M < 0.02 × Story height
0.7R× Dalta S < 0.02 × Story height
0.7R × Drift x × story height < 0.02 × Story height
ဒါကြောင့်မို့လို့
ETABS က ရလာတဲ့ Drift x တန်ဖိုးကို 0.7R နဲ့ မြောက်လို့ရတဲ့တန်ဖိုးဟာ
0.02 ထက်ငယ်ရင် OK ပါတယ်
နောက်တစ်မျိုး Check လို့ရတာက
file > Print talbe > output summary ဆိုပြီး ပုံ (2) လိုပေါ်လာရင်
OK ပေးလိုက်ပါ
ပြီးရင် ရလာတဲ့ Word file ကိုအောက်ဆုံးထိသွားကြည့်ပါ
ပုံ (3) အတိုင်းတွေ့ရပါမယ်
အဲ့ဒီမှာပေးထားတာတွေကလည်း story drift ratio တေပါပဲ
သူကတော့ ဒသမကိန်းတွေနဲ့မဟုတ်ပဲ 1/x ပုံစံအပိုင်းကိန်းတွေနဲ့
ပေးထားပါတယ်
ဒီလိုအလွယ် check လို့ရပါတယ်
Dalta M < 0.02 × Story height
0.7R × Dalta S < 0.02 × story height
(0.7R / 0.02) < (story height /DaltaS )
1/(0.7R/0.02)< 1/(Story height/ Dalta S)
သူပေးထားတာကလည်း Story height / DaltalS(story drift ratio)
ဖြစ်တဲ့အတွက်
ပိုင်းခြေက ကိန်းဟာ 0.7R/0.02 ထက်ငယ်ရင် အိုကေပါတယ်
ဒုတိယပြောတဲ့နည်းကတော့ check ရတာလွယ်တာပေါ့ဗျာ
တစ်ခုသတိထားသင့်တာက သူက EQX EQY အတွက်ပဲဖြစ်ပြီး
Load combination တွေအတွက်မဟုတ်တာပါပဲ
UBC 97 ကတော့ Combo တွေကိုအသုံးပြုသင့်တယ်လို့တော့
ပြောထားတာရှိပါတယ်
story drift နဲ့ ပက်တဲ့ ပုံလေးတွေနဲ့
UBC 97 က စာတွေကိုလည်း SS ရိုက်ပြီးရွေးတင်ပေးလိုက်ပါတယ်
မှားနေရင်လည်း ထောက်ပြဝေဖန်ပေးကြစေလိုပါတယ်

Thein Zaw (သုသျှင်သစ်)
BE Civil
TU (Magway )

Comments